Friday, April 8, 2011

အဖြူရောင်မေတ္တာလူငယ်များ (Korea) ကျောင်းဆောင်သစ် လှူဒါန်းခြင်း


ဒုတိယအကြိမ်အဖြစ် ကိုစိုးလွင် နှင့် သူငယ်ချင်းများက ကျပ် ၄၅သိန်းအား ဆရာတော် ကောင်းစုဝေထံ လှူဒါန်းစဉ်


ဧရာဝတီတိုင်း ၊ လပွတ္တာ မြို့ နယ် ၊ဆားကျင်းကျေးရွာအုပ်စု၊ ထင်းစုကျေးရွာ တွဲဘက်မူလတန်းကျောင်းလေးဟာအမိုးကလဲ မလုံ ၊ထရံကလဲ ပေါက်ပြဲ ၊ ကြမ်းကလဲ ကျွံ ၊ မီးကလဲမရှိ ၊ သွားလာရလဲခက်ခဲ ၊ အ၀တ်အစားကလဲ မပြည့်စုံ၊ ဆရာမကလဲမရှိ ၊ ကလေးတွေကလဲ စာသင်ချင် သောကြောင့် မိုးလုံလေလုံ ပညာသင်ကြားနိုင်အောင် အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား) နှင့် စေတနာရှင် သူငယ်ချင်းများက စုပေါင်းလှူဒါန်းပြီး ကျောင်းဆောင် အသစ် လေး တစ်ဆောင် ဆောက်လုပ်နိုင်ရန် ပထမအကြိမ် အဖြစ် ကျပ်ငွေ သိန်း (၃၀) ကို ဆရာတော် ဦးက၀ိဓဇဇောတိ (ကောင်းစုဝေ) သို့ ကိုရီးယားပြန် သူငယ်ချင်းများက ပေးပို့လှူဒါန်း နိုင်ခဲ့ပါတယ်။ယခုတဖန် ဒုတိယအကြိမ်အဖြစ်ကျန်ရှိသောငွေကျပ် သိန်း (၄၅) ကို ပေးပို့လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းအတွက် စုစုပေါင်းငွေကျပ် (၇၅) သိန်း ကို အဖြူရောင်မေတ္တာလူငယ်များ (korea)မှပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ 




ပထမအကြိမ်အဖြစ် ကိုစိုးလွင် နှင့် သူငယ်ချင်းများက ကျပ် သိန်း၃၀အား ဆရာတော် ကောင်းစုဝေထံ လှူဒါန်းစဉ်

No comments:

Post a Comment