Friday, April 8, 2011

ကျောင်းဆောင် အသစ်အတွက်ခေါင်းမိုး အလှူရှင်

မကြာဥ ကိုယ်စား ညီမများမှ လှူဒါန်းစဉ်                    

မကြာဥစာကြည့်တိုက်အား ဆရာတော် အရှင် ရာဇိန္ဒ(ရဝေနွယ်-အင်းမ) မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်


မကြာဥ ခေါ် မကြည်ကြည်သင်း
 


27.3.2010 တနင်္ဂနွေနေ့…. သာသာယာယာပါပဲ…အဲဒီနေ့မှာ…ကျနော်တို့ သူငယ်ချင်းတသိုက်.. (ကိုဖေချစ်အပါအ၀င်) အဖြူရောင်မေတ္တာ လူငယ်များ အတွက် အပ်ထားတဲ့ white love for people စတေကာ နှင့် giodano T-shirt ယူရန်အသွား…ရထားပေါ်တွင်… ဥက္ကဌ ကိုဖေချစ်ထံ over-sea call ၀င်လာပါသည်။ ဤတွင် ကိုဖေချစ်က ဖုန်းကိုင်လိုက်ကာ တိုးတိုး တိုးတိုး နဲ့ ပြောနေပါသည်။ ပြောရင်းပြောရင်း ကိုဖေချစ်မျက်နှာက စပ်ဖြီးဖြီး ဖြစ်လာပါသည်။ ပြောလို့ဆိုလို့ ပြီးသွားမှ ကျနော်တို့အား US မှ သူ့ညီမ၀မ်းကွဲဖြစ်ကြောင်း ကျနော်တို့ အဖြူရောင်မေတ္တာလူငယ်များဦးစီး လှူဒါန်းတည်ဆောက်ပေးနေသော ထင်းစုကျေးရွာမှ မူလတန်းကျောင်းလေးအတွက် လိုအပ်နေသော ကျောင်း ခေါင်မိုးအား သူ့ညီမငယ် မကြာဥ မှ လှူဒါန်းမည်ဖြစ်ကြောင်း ၀မ်းသာအားရ (မြိန်ရေရှက်ရေ) ပြောပါသည်။ ထိုအခါ ကျနော် က ကျနော်ဖတ်ခဲ့သော 8 DAYS ဂျာနယ်တွင် ပါရှိသည့် အမျိုးသမီး အမည်နှင့် ဆင်နေသောကြောင့် မေးကြည့်ရာတွင် ထို မကြာဥပင် ဖြစ်ကြောင်း ကိုဖေချစ်က ပြုံးရင်း ပြန်ပြောပါသည်။ ထို့ကြောင့် ကျနော်သိသော မကြာဥ အကြောင်းကို အနည်းအကျဉ်းပြောပြလိုပါသည်။ မကြာဥ ခေါ် မကြည်ကြည်သင်း သည် ၁၉၉၆-၉၇ ပညာသင်နှစ်တွင် မြန်မာတနိုင်ငံလုံးတွင် သတ္တမအဆင့် ဖြင့် အောင်မြင်ခဲ့ပြီး ယခု Charles E. Young ,Humanatarain for UCLA Students ( အမေရိကန်ပြည်ထောင်စု၊ အမျိုးသားကျန်းမာရေးဌာန၊ အစာအိမ်၊ ဆီးချို၊ ကျောက်ကပ် အစာအိမ်နှင့် အူလမ်းကြောင်းဌာနခွဲ) တွင် ပညာသင်ကြားလျက်ရှိပါသည်။ သူမ ရရှိခဲ့သော လသာ၂မှ ချီးမြှင့်ခဲ့သောရွှေဆွဲပြား၊ နိုင်ငံတော်မှ ချီးမြှင့်ခဲ့သောရွှေဆွဲပြား နှင့် အမေရိကန်နိုင်ငံမှ ချီးမြှင့်ခဲ့သော ပညာသင်စု၊ ထောက်ပံ့ငွေများဖြင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ အင်းမမြို့၊ ဘုရားကြီးကုန်းကျေးရွာတွင် စာကြည့်တိုက်လေးတခု လှူဒါန်းခဲ့ပါသည်။ စာကြည့်တိုက်လေးကို သြဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော မကြာဥ၏ မွေးနေ့အလှူအဖြစ်လှူဒါန်းခဲ့တာ ဖြစ်ပါသည်။ စာကြည့်တိုက်ဖွင့်ပွဲတွင် ဆရာတော် အရှင်ရာဇိန္ဒ ( ရဝေနွယ်-အင်းမ) မှ သြ၀ါဒစကား မိန့်ကြားခဲ့ကြောင်းလည်း ၀မ်းမြောက်ဖွယ် သိရှိခဲ့ရပါသည်။ ယခုတွင်လည်း ကျနော်တို့ ကျောင်းအတွက် လိုအပ်နေသော ကျောင်းခေါင်မိုး အတွက် သူမ၏ မိဘများဖြစ်သော (ဦးဖူးအောင်)+ ဒေါ်မြသိန်း အား အမှူးထားပြီး US Dollar 500 လှူဒါန်းမည်ဖြစ်သော မကြာဥအား ကျနော့်စိတ်ထဲ အလွန်ပင်လေးစား အားကျနေမိပါသည်။ အသက်ပင်ငယ်သော်လည်း ကိုယ့်တတ်နိုင် သမျှဖြင့် လူသားအကျိုး အတွက် တနေရာတထောင့်မှ ဖြည့်စွက်ပေးခဲ့သော မကြာဥ ကဲ့သို့ လူငယ် အများအပြားအတွက် အလွန်ပင် ဂုဏ်ယူပါကြောင်း အဖြူရောင်မေတ္တာလူငယ်များ အဖွဲ့ကိုယ်စား ပြောကြားလိုပါသည်ခင်ဗျာ…။
                                                                                                  

မောင်ထင်

No comments:

Post a Comment