2010ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ
ဘာသာရပ်များဂုဏ်ထူး ရမှတ်ပေါင်း(471)ဖြင့် ထူးချွန်အောင်မြင်ခဲ့ပါသည်။ သူ၏မိဘများသည်
ဆင်းရဲနွမ်းပါစွာဈေးရောင်းနေကြသူများဖြစ်ပါသည်။ မိသားစုများအနေဖြင့်
သူ၏ပညာရေးအတွက်လိုအပ်သောငွေကြေးများကို ထောက်ပံ့ပေးရန် အလွန်ပင်အခက်အခဲရှိနေပါသည်။
ထို့ကြောင့် ကျနော်တို့အဖွဲအနေဖြင့် ကျောင်းသားလေး၏ဆေးတက္ကသိုလ်
တွင်ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် လိုအပ်သော ပညာသင်စားရိတ်များ စီစဉ် ထောက်ပံ့ပေးနိုင်ပါကအလွန်ပင်မွန်မြတ်သည့်ပညာရေးအလှူတစ်ခုဖြစ်သည်ဟု

ကျနော်ထင်မြင်မိပါသည်။ ထို့ကြောင့် ကျနော်တို့အဖွဲအနေဖြင့် ထိုကျောင်းသားလေး၏ ပညာသင်စရိတ်လစဉ်ကျပ်တစ်သိန်းဖြင့် တစ်နှစ်စာထောက်ပံ့ပေးသွားမည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ထိုကျောင်းသားလေး၏ကျန်သောပညာသင်နှစ်များတွင်လည်း တတ်နိုင်သမျှ ကူညီပေးသွားမည်ဟုလည်း ရည်ရွယ်ထားပါသည်။
ကျနော်တို့မြန်မာနိုင်ငံတွင် ထိုကျောင်းသားလေးကဲ့သို့ ထူးချွန်သော်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန်အခက်အခဲရှိသော ကျောင်းသူကျောင်းသားများစွာရှိနေပါသည်။ ထိုကျောင်းသူကျောင်းသားများအတွက်ကူညီထောက်ပံ့မည့် အလှူရှင်များလည်းများစွာလိုအပ်နေပါသည်။ ကူညီလှူဒါန်းလိုသော
မိတ်ဆွေများရှိပါက ကျနော်တို့အဖွဲ့အားဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
မှတ်ချက်။ ။ ကျောင်းသားလေး၏အမည်မှန်ကို ထည့်သွင်းမဖေါ်ပြခြင်းသည် ထိုကျောင်းသားလေး၏
ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းကြောင့် ဖြစ်ပါသည်။
အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)အဖွဲ့

No comments:
Post a Comment