Saturday, December 3, 2011

နတ်လူသာဓုခေါ်နိုင်ကြပါစေ။

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊အရှေ့ ၆မိုင် ၈ဖာလုံမှာရှိတဲ့ ကျွဲရိုင်းပြင်ရွာလေးမှာ ရေဘေးဒုက္ခရောက်နေ၍လမ်းများပျက်စီးနေပြီး ကျောင်းတက်နေသောကလေးငယ်များဒုက္ခရောက်နေသည်ကိုသိရှိရသဖြင့် ကျွန်တော်တို့အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ညီအကိုများကူညီချင်သည့်စိတ်များဖြစ်ပေါ်လာသဖြင့် ကိုရီးယားနိုင်ငံတွင် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသော ရွှေမြန်မာလူငယ်များအသင်း၊ မုဒုံလူငယ်အသင်းနှင့် စေတနာရှင်ညီအကိုများတစ်စုတို့မှ စုပေါင်းပြီးကုသိုလ်ပြုနိုင်ခဲ့ပါတယ်ခင်ဗျာ။ ကလေးများအတွက်လိုအပ်နေသော ကျောင်းသုံးပစ္စည်းများကိုကူညီနိုင်ရန်အတွက်

အဖြူရောင်မေတ္တာလူငယ်များအဖွဲမှ မြန်မာကျပ်ငွေ ( ၅၀၀၀၀၀)
ရွှေမြန်မာလူငယ်များအသင်းမှမြန်မာကျပ်ငွေ ( ၃၀၀၀၀၀ )
မုဒုံလူငယ်များအသင်းမှမြန်မာကျပ်ငွေ ( ၃၀၀၀၀၀ )
စေတနာရှင်ညီအကိုများတစ်စုမှကိုရီးယားဝမ်ငွေ(၂၆၀၀၀၀) တို့ကို အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ဝင် ကိုအောင်အောင်ဦးနှင့် သူငယ်ချင်းတစ်စုမှ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျာ။

ယခုလိုကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးသော ကိုအောင်အောင်ဦးနှင့်သူငယ်ချင်းတစ်စု ၊ ပူပေါင်းပါဝင်လှူဒါန်းပေးကြသော အဖွဲ့အစည်းများမှ ညီအကိုများအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

No comments:

Post a Comment