အစဉ်ရိုးသား မျက်နှာများမှာ
လွမ်းငွေရိပ်သမ်း ညှိုးငယ်အားပျော့ 
နေကြလေပြီ သူငယ်ချင်း မင်းသိရဲ့ လား...
တို့ များ မိဘ စုံလင်စွာဖြင့် 
တစ်ရက် တစ်လ နှစ်များတိုင်အောင်
နေခဲ့ ကြပြီ ငါတို့ ပျော်ခဲ့ ကြတယ် သူငယ်ချင်း...
နို့ စို့ အရွယ် အရွယ်အစုံစုံ
ကလေးငယ်တို့ သည် ငယ်စဉ်ကပင်
လောကဓံရိုက်ချက် ကြမ္မာလက်ကြောင့် 
အမိဘယ်မည် အဖဘယ်မည်
ခေါ်ရာနတ္ထိ မေတ္တာမဲ့ ပြီ
ခိုရာနတ္တိ အတိဒုက္ခ
သောကပွေ ကြလေတယ် သူငယ်ချင်း...
ထိုထိုအရွယ် ကလေးငယ်တွေသည်
ငါတို့ ကောင်းကောင်းစားသလို စားချင်ကြလိမ့် မယ်
ငါတို့ ကောင်းကောင်းဝတ်သလို ဝတ်ချင်ကြလိမ့် မယ်
ငါတို့ ပညာသင်ခွင့် ရကြသလို သူတို့ ပညာသင်ချင်ကြလိမ့်မယ်
ငါတို့ မိဘစုံလင်စွာ နေကြသလို သူတို့ နေချင်တောင်းတကြလိမ့် မယ်
ထို့ ကြောင့်  ငါတို့ ကိုယ်ချင်းစာကြရမယ်
မေတ္တာငတ်သူကို မေတ္တာပေးရမယ်
ငါတို့ ဖေးမကူညီရိုင်းပင်းကြမယ်
ငါတို့ မေတ္တာ လုပ်အား ခွန်အား ငွေအားဖြင့် 
ကူညီထောက်ပံ့ဖေးမကြမယ်
ငါတို့  ချွေးဖြင့် အသက်ဆက်စေမယ်..
ညီညွတ်စွမ်းအား တို့ ခွန်အားဖြင့် 
ဆေးစက်ကြရာ အရုပ်ပေါ်စေ
ကြရာတာဝန် ကျေပွန်ကြမည်
မိဘမဲ့ သား ရေနှင့် ငါးသို့ 
နွမ်းနယ်သူငယ် ကလေးငယ်တို့ အား
ငါတို့ ကိုယ်စွမ်း ဥာဏ်စွမ်းအားဖြင့် 
ရိုင်းပင်းကူညီ ဖေးမကြမည်
သူငယ်ချင်း မင်းလဲလိုက်စေချင်သည်....
အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)အဖွဲ့ မှ သဒ္ဒါကြည်ဖြူ ပေးလှူသူ
စေတနာထက်သူ ကူညီချင်လိုသူများအား လေးစားကြိုဆိုလျှက်........
သက်ဦးမောင်
အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ 
(ခေတ္တ ကိုရီးယား)
No comments:
Post a Comment