ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ်...
သူတို့ လေးတွေဟာ ဆာလောင်ခြင်း. နာကြင်ခြင်း. ငတ်မွတ်ခြင်းဆိုတဲ့  ဒုက္ခပေါင်းများစွာနဲ့ 
ကူညီမဲ့ သူဖြစ်နေပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်းများစွာဟာ
ကံဆိုးနေကြဆဲပါ...အမိအဖမဲ့  ရင်သွေးငယ်များအတွက် ကျွန်တော်တို့ ရဲ့ 
နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့ လေးတွေရဲ့ နှလုံးသားထဲမှာ
လိုအပ်နေကြပါတယ်...........
ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းဆောက်ရှောက်မည့်  မျိုးဆက်သစ်လူသားအရင်းအမြစ်များကို
ကျွန်တော်တို့ (အဖြူရောင်မေတ္တာလူငယ်များ)ရဲ့  အကြင်နာလက်များနဲ့ တွဲခေါ်ပြီး
သူတို့ လေးတွေရဲ့  အနာဂါတ်ထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါဆို့ ဗျာ။
နောင်တစ်ချိန်မှာ သူတို့ ရဲ့ အစွမ်းအစလေးတွေနဲ့ ပိုမိုတိုးတက်တဲ့  အနာဂါတ်ကို
ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့ မရပါဘူး။
ဒီလိုမျိုးအရေးပါလှတဲ့ နောင်တစ်ချိန်မှာ အားကိုးရမဲ့  အနာဂါတ်ရဲ့ ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ
** ဘာကြောင့် များကျွန်တော်တို့  ပြစ်ပယ်မိနေကြတာလဲ?**
**ဘာကြောင့် များကျွန်တော်တို့ မစဉ်းစားပေးကြတာလဲ?**
**ဘာကြောင့် များကျွန်တော်တို့  အကူအညီအလုံအလောက်မပေးနိုင်ကြတာလဲ?**
အတူလက်တွဲကြပါဆို့ လား........................
ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာကြီးအတွက်..ကျွန်တော်တို့ ချစ်တဲ့ ကလေးတွေအတွက်
ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များ ယခုလက်ရှိလုပ်ဆောင်နေတာထက်ပိုပြီးတော့ 
တူညီတဲ့ အဖြူရောင်စိတ်ထားများမွေးမြူကာ ကူညီကြပါစို့ လို့ တိုက်တွန်းပါတယ်ဗျာ......................
No comments:
Post a Comment