Thursday, February 23, 2012

ဒလမြို့နယ် စံပြတံတားချောင်းရပ်ကွက်မှ စအိုပေါက်မပါသောကလေးငယ်

ဒလမြို့နယ်၊ စံပြတံတားချောင်းရပ်ကွက်မှ မပိုပို(ခေါ်)မချယ်ရီဦးအမည်ရှိ ကလေးငယ်မှာ မွေးဖွားစဉ်ကတည်းမှ စအိုပေါက်မပါသဖြင့် ဆီးသွားလမ်းကျောင်းမှဝမ်းသွားနေရသည့်အကြောင်းကို ကိုရီးယားတွင်ပညာသင်ကြားနေသော ကိုအောင်မျိုးသူထံမှ ကြားသိရှိရသဖြင့် ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)အနေနှင့် လူသားချင်းကိုယ်ချင်းစာစိတ်များဖြစ်ပေါ်လာပြီး တက်နိုင်သမျှကူညီပေးနိုင်ရန်ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ။
မပိုပို(ခေါ်)မချယ်ရီဦး စအိုခွဲစိတ်ကုသရန်အတွက် အစစအရာရာကူညီလုပ်ကိုင်ပေးနေသော
လူငယ့်ရှေ့ဆောင်အဖွဲ့အား အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)အသင်းဝင် ကိုသူရထွန်းမှဆေးရုံကို ကိုယ်တိုင်သွားရောက်၍ မြန်မာကျပ်ငွေ ( ၃၀၀၀၀၀ )တိတိ ကိုခွဲစိတ်ကုသရန် ပေးအပ်လှူဒါန်းပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။
အဖြူရောင်မေတ္တာလူငယ်များအသင်းဝင် ကိုလင်းထိုက်ဦးမှ ကလေးငယ်ခွဲစိတ်ကုသရန်အတွက် ကိုရီးယားဝမ်(၅၀၀၀၀)ကိုလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။ယခုလိုပါဝင်လှူဒါန်းပေးသော ကိုလင်းထိုက်ဦးက
ိုအဖြူရောင်မေတ္တာလူငယ်များအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
အဖြူရောင်မေတ္တလူငယ်များအဖွဲ့(ကိုရီးယား)
ကိုဇေယျာလင်း

No comments:

Post a Comment