၂၀၁၁ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးတွင် အကူအညီများလိုအပ်နေသည်ကိုသိရှိရသဖြင့် အဖြူရောင်မေတ္တာလူငယ်များအနေနှင့်လည်း ပါဝင်ကူညီချင်သည့်စိတ်ဆန္ဒများဖြစ်ပေါ်လာပြီး အဖွဲဝင်များနှင်တိုင်ပင်ကာ အလှူငွေကောင်ခံမှုများကိုပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။
အဖြူရောင်မေတ္တာလူငယ်များအဖွဲ(ကိုရီးယား)အနေနှင့် မြန်မာကျပ်ငွေ ( ၁၀၀၀၀၀၀ )တိတိကို ဦးစွာမတည်ပြီး ကိုရီးယားရောက်ညီအကိုမောင်နှမများမှ ပါဝင်လှူဒါန်းငွေ ကိုရီးယားဝမ်( ၃၉၄၀၀၀၀ ) မြန်မာကျပ်ငွေ (၂၆၅၅၈၅၁ )တိတိကို ကောက်ခံရရှိပါတယ်ခင်ဗျာ။ပခုက္ကူရေဘေးကူညီမှုအတွက် စုစုပေါင်းအလှူငွေ ( ၃၆၅၅၈၅၁ )ကျပ်တိတိကို ပခုက္ကူဒေသအထိ အဖြူရောင်မေတ္တာလူငယ်များအဖွဲဝင် ကိုအောင်အောင်ဦးနှင့်သူငယ်ချင်းတစ်စုက ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူညီပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ယခုလို စိတ်အားထက်သန်ပါဝင်လှူဒါန်းပေးကြသော အဖြူရောင်မေတ္တာညီအကိုများနှင့် ကိုရီးယားရောက်ညီအကိုမောင်နှမများအား အထူးပင်ကျေးဇူးတင်ဂုဏ်ယူမိပါတယ်ခင်ဗျာ။
အဖြူရောင်မေတ္တာလူငယ်များအဖွဲ(ကိုရီးယား)
ကိုဇေယျာလင်း(အတွင်းရေးမှူး)
No comments:
Post a Comment