Saturday, December 3, 2011

ဝိုင်းဝင်းကူညီပေးကြပါစို့


မိုးသည်းထန်စွာရွာသွန်းပြီး ဆည်၊ကန်၊ ချောင်းရေများလျှံတက်ကာ ပခုက္ကူမြို့ဒေသတစ်ဝိုက် ရေနစ်မြုပ်မှု ဖြစ်ပွားလျှက်ရှိကြောင်း ကနဦးသတင်းအရ လူပေါင်း ၄၀ ၀န်းကျင် ပျောက်ဆုံးလျှက်ရှိပြီး ၁၅၀၀ ကျော် အား ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ကယ်ဆယ်ထားရေကြောင်း သတင်းရရှိပါသည်။
အထူးသဖြင့် ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရေနစ်မြုပ်မှုဒဏ် အပြင်ထန်ဆုံး ခံစားရပြီး အိမ်ခြေ (၂၀၀) ကျော်မှာ ရေလွှမ်းမိုးခံရကြောင်း၊ ပခုက္ကူမြို့ တိလောကရာမ ကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်း အထိ လူ (၁၅၀၀) ကျော်အား ကယ်ဆယ်ထားရကြောင်း သိရသည်။
အောက်တိုဘာလ (၁၇)ရက်နေ့တွင် မိုးစတင်ရွာသွန်းခြင်းဖြစ်ပြီး အောက်တိုဘာလ (၁၉) ရက်နေ့တွင် မိုးသည်ထန်စွာ ထပ်မံရွာသွန်းခြင်းကြောင့် ပခုက္ကူမြို့ရှိ ရွှေချောင်းအတွင်း ရေအလုံးအရင်းဖြင့် စီးဝင်ကာရွှေချောင်းတစ်လျှောက်ရှိ ဆိတ်၊နွား တိရိစ္ဆာန်များ အများအပြား မျောပါပျောက်ဆုံးခြင်း၊ လူနှင့် အိမ်ခြေများ ရေလွှမ်းခံရခြင်း များဖြစ်ပေါ်ခဲ့သည်။
ယခုရေနစ်မြုပ်ရာ ဒေသတစ်ဝိုက်တွင် ဆည် (၆)ခုနှင့် ရေကန် (၁၅)ခု ရှိပြီး အောက်တိုဘာလ (၁၇)ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဆည်နှင့်ကန်များအတွင်း ရေအများအပြား ရှိနေခဲ့ကြောင်း၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထပ်မံ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလျှံကာ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
“ပခုက္ကူအရှေ့ဘက်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံ၊ ခရိုင်အုပ်ချုပ်ရေးမှုရုံးတွေနားမှာ ရှိတဲ့ တံတားကျိုးသွားတယ်။ ချောင်းရေကြောင့် ရေထဲပါသွားတဲ့ အိမ်ခြေက ၂၀၀ လောက်ရှိတယ်။ ကျူးကျော်ဖက်မှာဆိုရင် အိမ်ခြေ ၁၀၀ လောက်ရှိတယ် ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။ယခုလိုချိန်တွေမှာ ကျနော်တို့က လိုအပ်တာလေးတွေ နိုင်သလောက်ကူညီလှူဒါန်းပေးနိုင်မယ်ဆိုရင် တကယ်ကို မွန်မြတ်တဲ့လုပ်ဆောင်ချက်ပါခင်ဗျာ။ ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ပေးမှ သူတို့ သက်သာရာရကြမှာခင်ဗျာ။စိတ်ပါဝင်စားလှူဒါန်းလိုပါက
ကိုဇေယျာလင်း - ၀၁၀ ၅၁၀၇ ၇၉၉၀
ကိုကျော်မင်းဦး - ၀၁၀ ၇၉၉၉ ၂၇၁၂

ကိုဇော်မင်းထွန်း - ၀၁၀ ၈၂၃၉ ၁၉၇၇ သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment